Teachable Machine ဆိုတာကတော့ Google ကနေ ထုတ်လိုက်တဲ့ Online tool တစ်ခုဖြစ်ပြီးတော့ AI နှင့် Machine Learning Model တွေကို Coding တွေ ML နှင့်ပတ်သက်တဲ့ Knowledge တွေ မလိုအပ်ဘဲ အလွယ်တကူ နှင့် မြန်မြန်ဆန်ဆန်ထုတ်ယူနိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ tool ကို အခုလောလောဆယ်မှာတော့ Image, Sound နှင့် Pose Project တွေအတွက် စမ်းသပ်နိုင်ပြီး အခြားအရာတွေအတွက်လဲ ထပ်မံစမ်းသပ်သွားမယ်လို့လေ့လာသိရှိရပါတယ်။ ထုတ်ယူလိုက်တဲ့ ML models တွေကိုတော့ ကိုယ့်ရဲ့ Google Drive ထဲမှာဘဲသိမ်းထားလို့ရသလို ကိုယ့်ရဲ့ websites နှင့် apps တို့မှာလည်း ပြန်လည်အသုံးပြုနိုင်ပါတယ်။
ယနေ့သင်ယူခြင်းသည်မနက်ဖြန်မျှဝေဖို့ဖြစ်ပါသည်။
သင်ဆရာမြင်ဆရာကြားဆရာအပေါင်းအားဦးညွတ်လျက်
#photo credit
