Flutter ဆိုတာ ဘာလဲ?

July 24, 2025

Flutter လို့ပြောလိုက်တယ်ဆိုရင် လူတော်တော်များများသိပြီးသား ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ Flutter နှင့်ပတ်သက်ပြီး သိသလောက်လေး မျှဝေပေးပါရစေ။ သူ့ကိုတော့ Google ကနေ ၂၀၁၇ ခုနှစ်မှာ အမြန်ဆုံး Application Development Platform တွေထဲကတစ်ခုအဖြစ်စတင်မိတ်ဆက်လိုက်ပါတယ်။

Flutter ဆိုတာ လွယ်လွယ်ပြောရရင်တော့ Web Applications တွေအပြင် Andorid App ရော iOS App တွေကိုပါ Code တစ်မျိုးတည်းနှင့် ရေးလို့ရတဲ့ Software Development Kit (SDK) တစ်ခုလို့နားလည်ပါတယ်။ အရင်တုန်းကဆိုရင် Android App အတွက်သပ်သပ် iOS အတွက် သပ်သပ်ရေးကြရပါတယ်။

Flutter ကိုတော့ Dart Programming Language ကိုသုံးပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Flutter ရော Dart တို့နှစ်ခုစလုံးဟာ Free သုံးလို့ရတဲ့ open-source တွေဖြစ်တဲ့အပြင် portable ဖြစ်ပြီးတော့ platform တော်တော်များများအတွက် ဆွဲဆောင်မှုရှိတဲ့ applications တွေကို အလွယ်တကူဖန်တီးပေးနိုင်ပါတယ်။

Flutter မှာ Hot Reloading Feature ပါတဲ့အတွက် Developers တွေအနေဖြင့် Code မှာတစ်ခုခုပြောင်းလဲလိုက်တာနှင့်အမျှ results ကို အချိန်နှင့်တစ်ပြေးညီ screen ပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Flutter မှာ UI တွေကို ဖန်တီးတဲ့အခါ widgets တွေကိုသုံးပြီးဖန်တီးရပြီးတော့ built-in ပါပြီးသား widgets တွေ အံ့သြလောက်စရာကောင်းတဲ့ animation design တွေအများကြီးပါဝင်တာကြောင့် Developers တွေအနေဖြင့် ဆွဲဆောင်မှုရှိတဲ့ Apps တွေကိုဖန်တီးနိုင်မှာတော့ အသေအချာဘဲ ဖြစ်ပါတယ်။

ဒါတွေအပြင် Users တွေရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ဖန်တီးနိုင်တဲ့ library တွေလဲရှိပါတယ်။ သူ့ကို လူသိများတဲ့ IDEs တွေဖြစ်တဲ့ Visual Studio Code, XCode နှင့် Android Studio စတာတွေနှင့် တွဲပြီး အသုံးပြုလို့ရပါတယ်။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဦးညွတ်လျက်

#photo credit

Leave a Reply

Your email address will not be published. Required fields are marked *