Algebra အကြောင်း တစ်စေ့တစ်စောင်း

July 24, 2025

Algebra ဆိုတာ သင်္ချာနှင့် ပတ်သက်တဲ့ အခေါ်အဝေါ် တစ်ခုဆိုတာတော့ လူတိုင်းသိကြပါတယ်။ ငယ်ငယ်တုန်းကတော့ Algebra နှင့်ပတ်သက်တဲ့ ပုစ္ဆာတွေကို မြောက်မြားစွာတွက်ခဲ့ဖူးကြပါတယ်။

ဥပမာ-

Find y, when, y + 15 = 30

Solution: y = 30 – 15

y = 15

ဆိုတာမျိုးဟာ လူတိုင်းတွက်တတ်ကြတဲ့ပုစ္ဆာမျိုးပါ။ ဒါပေမယ့် အခုတလော ဘာတွေကို စိတ်ဝင်စားပြီး လေ့လာမိနေသလဲဆိုရင် ကလေးတွေကိုသင်တဲ့ သင်ကြားမှုပုံစံတွေကို လိုက်ပြီးလေ့လာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်က ကလေးတွေ ဘာကြောင့်နောက်ကျကျန်ခဲ့ရသလဲဆိုတဲ့အတွေးမျိုးနှင့်ပါ။ ကိုယ်ကိုယ်တိုင်လည်း တကယ်တော့ နောက်မှာအများကြီး ကျန်ခဲ့သူ တစ်ယောက်ထဲမှာပါဝင်ပါတယ်။ အဲ့ဒီ Algebra ကို ကလေးတွေကို ဘာနဲ့ဥပမာ ပေးထားသလဲဆိုတော့ တကယ့်လက်တွေ့ဘဝမှာ ဟင်းချက်တဲ့ နည်းနှင့် ဥပမာပေးထားတာလေး သ‌ဘောကျလို့ ပြန်လည်မျှဝေ ပေးပါရစေ။

အိမ်မှာ လူငါးယောက်ရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် အဲ့ဒီလူငါးယောက် စားနိုင်လောက်တဲ့ ပမာဏကိုရနိုင်ပြီး အရသာလည်း ကောင်းမွန်မှုရှိတဲ့ ဟင်းကိုဘယ်လိုချက်မလဲပေါ့။ လိုချင်တဲ့ ပမာဏကိုရဖို့နှင့် အရသာကောင်းဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို အချိုးကျထည့်ရပါတယ်။ အမြင်သာဆုံးဥပမာ အနေနဲ့ကတော့ ဘရိုကိုလီကို ကြက်ဥနှင့်ကြော်မယ်ဆိုရင် ကြက်ဥ ဘယ်နှစ်လုံးသုံးမယ်တို့၊ ဘရိုကိုလီ ဘယ်လောက်သုံးမယ်ဆိုတာတို့ကို တွက်ချက်ရပါမယ်။ အဲ့ဒီကြက်ဥတို့၊ ဘရိုကိုလီတို့ဟာ Algebra ရဲ့ x,y variables တွေဘဲဖြစ်ပါတယ်တဲ့။ ငယ်စဉ်ကတည်းက စာတွေကိုသင်ကြားတဲ့အခါ လက်တွေ့ဘဝနှင့် ပေါင်းစပ်နိုင်ဖို့ အများကြီး ကြိုးစားကြရဦးမှာပါလားလို့ သုံးသပ်မိပါတယ်။

ယနေ့လေ့လာသင်ယူခြင်းသည် မနက်ဖြန်မျှဝေဖို့ဖြစ်ပါသည်။

သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အပေါင်းအား ဦးညွတ်လျက်

#photo credit

Leave a Reply

Your email address will not be published. Required fields are marked *